ဝက်ဘ်ဆိုဒ်က သုံးနေရင်း လေးသွားတယ်နော် ဘာလို့လဲ ... ?
ပုံမှန်သုံးနေကြ Software တွေနဲ့ ဝင်နေကြ Ecommerce Website တွေလေးပြီး ဝင်မရဖြစ်တာနဲ့ ပတ်သက်ပြီး
အခြေခံကျတဲ့ အချက်(၃)ချက်ကို ဒီနေ့မှာ ပြောပြပေးသွားပါမယ် ခင်ဗျ။
✅ 𝐍𝐨(𝟏) 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐈𝐬𝐬𝐮𝐞𝐬 ✅
User ကြောင့်ရယ်၊ ဖုန်းနဲ့ ကွန်ပျူတာတွေကြောင့်ရယ်မဟုတ်ဘဲ Software/ Website တည်ဆောက်ပုံကြောင့် ဖြစ်တတ်တဲ့ အချက်ပါ။
(ဥပမာ - မလိုအပ်ဘဲ Graphics တွေ များလွန်းခြင်း၊ ကုဒ်ရေးသားမှု အားနည်းခြင်း၊ Server ပိုင်းဆိုင်ရာ အားနည်းချက်များရှိခြင်း)
✅ 𝐍𝐨(𝟐) 𝐂𝐥𝐢𝐞𝐧𝐭-𝐬𝐢𝐝𝐞 𝐈𝐬𝐬𝐮𝐞𝐬 ✅
နောက်တစ်ခုကတော့ ကိုယ့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာရဲ့ အခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။
(ကိုယ့်စက်မှာ RAM မလုံလောက်တာ၊ Cache နဲ့ Cookies တွေများလာတာ၊ ဗားရှင်းအဟောင်းဖြစ်တာတွေကတဆင့်လည်း ဒီပြဿနာဖြစ်နိုင်ပါတယ်)
✅ 𝐍𝐨(𝟑) 𝐂𝐨𝐧𝐧𝐞𝐜𝐭𝐢𝐯𝐢𝐭𝐲 𝐈𝐬𝐬𝐮𝐞𝐬 ✅
နောက်ဆုံးနဲ့ အဖြစ်အများဆုံး အချက်ကတော့ Internet လိုင်းမကောင်းတဲ့အတွက် ဖြစ်တာပါ။ အင်တာနက် လိုင်းမကောင်းတဲ့အတွက် Website ရဲ့ Data တွေကို ဆွဲယူဖို့ ကြာနေတတ်ပါတယ်။
တစ်ခါတရံ VPN သုံးထားတဲ့အတွက် ဒေတာတွေက တစ်ဆင့်ခံ သွားနေရတဲ့အတွက် တိုက်ရိုက်ကြည့်တာထက် ပိုနှေးသွားတတ်ပါတယ်။
➡️ အထက်မှာ ပြောပြခဲ့တဲ့ (၃)ချက်ကတော့ ဝက်ဘ်ဆိုဒ်တွေ သုံးနေရင်း လေးသွားတာ၊ နှေးသွားတာတွေ ဖြစ်ရခြင်းရဲ့
အခြေခံအကျဆုံး အချက်တွေဖြစ်ပါတယ်။
ကျနော်တို့ “𝐓𝐄𝐂𝐇𝟒𝐌𝐌” မှာဆိုရင် မိတ်ဆွေတို့ လုပ်ငန်းနဲ့ ကိုက်ညီပြီး Customized ဖြစ်သော
E-commerce Website များအား စိတ်တိုင်းကျ ဖန်တီးပေးနေပါပြီ။
#Tech4MM
#နည်းပညာ_စီးပွားရေး
#WebDevelopment
#customized_software
ဝက်ဘ်ဆိုဒ်က သုံးနေရင်း လေးသွားတယ်နော် ဘာလို့လဲ ... ?
