Ready-made Software တွေ ကောင်းတယ်ဆိုပေမယ့် လုပ်ငန်းတစ်ခုနဲ့ တစ်ခု လည်ပတ်ပုံခြင်း မတူညီကြပါဘူး။
ဒါကြောင့် ကိုယ့်လုပ်ငန်းအတွက် သီးသန့်ရေးဆွဲထားတဲ့ Customized Software သုံးခြင်းရဲ့ အားသာချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ် ခင်ဗျ။
(၁) လုပ်ငန်းလုပ်ဆောင်ပုံ (Workflow) ထပ်တူကျခြင်း
Ready-made software တွေမှာက သူတို့သတ်မှတ်ထားတဲ့ စနစ်အတိုင်း ကိုယ်က လိုက်ပြောင်းသုံးရပါတယ်။ Customized Software ကတော့ ကိုယ့်လုပ်ငန်းရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ပုံစံ၊ ဝန်ထမ်းတွေရဲ့ အားသာချက်/အားနည်းချက်တွေအပေါ် မူတည်ပြီး ရေးဆွဲထားတာဖြစ်လို့ သုံးစွဲရတာ လွယ်ကူပြီး အလုပ်ပိုတွင်စေပါတယ်။
(၂) မလိုအပ်တဲ့ Features တွေကို ဖယ်ရှားနိုင်ခြင်း
အသင့်သုံး Software တွေမှာ ကိုယ်မသုံးဖြစ်တဲ့ Function တွေအများကြီးပါဝင်နေပြီး ရှုပ်ထွေးစေတတ်ပါတယ်။ Customized လုပ်ထားရင်တော့ ကိုယ့်လုပ်ငန်းအတွက် တကယ်လိုတဲ့ အစိတ်အပိုင်းတွေပဲ ပါဝင်မှာမို့ မျက်စိရှင်းပြီး ထိရောက်မှု ရှိစေပါတယ်။
(၃) ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာခြင်း (Competitive Advantage)
ဈေးကွက်ထဲက လူတိုင်းသုံးနေတဲ့ Software ကို သုံးရင် ကိုယ့်ရဲ့ စွမ်းဆောင်ရည်က သူတို့နဲ့ တန်းတူပဲ ရှိနေမှာပါ။ ကိုယ့်လုပ်ငန်းရဲ့ လျှို့ဝှက်ချက် (Unique Process) တွေကို Software ထဲမှာ ထည့်သွင်းတည်ဆောက်လိုက်တဲ့အခါ ပြိုင်ဘက်တွေ လိုက်မမီနိုင်တဲ့ အားသာချက်တစ်ခု ဖြစ်လာစေပါတယ်။
(၄) လုပ်ငန်းတိုးချဲ့တဲ့အခါ လွယ်ကူခြင်း (Scalability)
လုပ်ငန်းသေးရင် သေးသလို၊ ကြီးရင် ကြီးသလို Customized Software ကို အချိန်မရွေး ထပ်မံဖြည့်စွက် (Upgrade) လို့ရပါတယ်။ လုပ်ငန်းကြီးလာလို့ Software အသစ်ထပ်ဝယ်၊ Data တွေ အသစ်ပြန်သွင်းစရာ မလိုတော့ပါဘူး။
(၅) ရေရှည်တွက်ခြေကိုက်ခြင်း (Cost Effective Long-term)
စလုပ်ခါစမှာ ဈေးကြီးတယ်လို့ ထင်ရပေမယ့် လစဉ်ကြေး (Monthly Subscription) ပေးစရာမလိုတာ၊ အလုပ်မြန်ဆန်ပြီး Error နည်းပါးခြင်းတို့ကတဆင့် ရေရှည်မှာ ငွေကုန်ကြေးကျ ပိုမိုသက်သာစေပါတယ်။
ဒီလိုမျိုး လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီပြီး လုပ်ငန်းစွမ်းဆောင်ရည် (၂)ဆတက်စေမယ့် ➡️ Customized ဖြစ်သော ဆော့ဝဲလ်နှင့် ဝက်ဘ်ဆိုဒ်ဒီဇိုင်းများအား
ကျနော်တို့ရဲ့ “𝐓𝐞𝐜𝐡 𝟒 𝐌𝐌” မှ အကောင်းမွန်ဆုံး ဖန်တီးပေးနေပါပြီ ✅
#Tech4MM
#နည်းပညာ_စီးပွားရေး
#WebDevelopment
#customized_software
Ready-made Software တွေ ကောင်းတယ်ဆိုပေမယ့် လုပ်ငန်းတစ်ခုနဲ့ တစ်ခု လည်ပတ်ပုံခြင်း မတူညီကြပါဘူး
